Trending Now
ကချင်ပြည်နယ်သတင်း
ဖားကန့်(လုံးခင်း)မှာ စစ်ကော်မရှင်နဲ့ KIA တို့ ပစ်ခတ်မှုဖြစ်ပွားနေ
နိုဝင်ဘာ၊၁၀
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်မှာ ဒီကနေ့မနက် ၁၀ နာရီခွဲခန့်ကစပြီး စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာမှာ စစ်ကော်မရှင်နဲ့ KIA/KPDF ပူးပေါင်းတပ်တွေကနေ လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန် ပစ်ခတ်နေတာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လက်နက်ကြီးတွေပဲ ပစ်ခတ်နေကြတယ်တဲ့။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု မှော်စီစာတောင်ပေါ်ဘုန်းကြီးကျောင်း၊ ဂေါက်ကွင်း၊ မျောက်က...
မိုးကောင်းမှာ မူးယစ်ဆေးကို ပွဲဈေးတန်းသဖွယ် ရောင်းဝယ်သုံးစွဲနေကြပေမဲ့ အရေးယူဆောင်ရွက်တာမရှိ
နိုင်ဝင်ဘာ၊၈
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေကြပေမဲ့ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ မိုးမြို့ခံတွေက ပြောပါတယ်။
အာဏာမသိမ်းခင်ကာလကထက် ရောင်းဝယ်သုံးစွဲမှုတွေ ပိုများလာတဲ့ မိုးကောင်းမြို့မှာ ဈေးတန်းရောင်းဝယ်ရေးလို လွတ်လွတ်လပ်လပ် ရောင်းဝယ်သုံးစွဲနေကြသလို လူငယ်တွေ အများပိုင်း ပိုမိုသုံးစွဲလာကြတာကိုမြင်တွေ့ရတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
"အခုကလမ်းဘေးမှာဆိုလည်း အပ်တန်းလန်းနဲ့ ထိုးနေတာ။ အများစုက အခုတကယ့်ထိုးတဲ့ အဆင့်မဟုတ်သေးပေမဲ့ လူငယ်တွေက ရာမတို...























